ကျော်မယ်ခွမယ်

Jun 10, 2009

https://sesawe.net

post signature

0 ဦးကော့မန့်ပွတ်သွားသည်:

May 8, 2009

ကျနော်ကတော့ အင်တာနက်သုံးမှာရှာမယ်ဆိုရင် Google ကိုဖွင့်လိုက်တာပါပဲ။ သူ့ပုံကရှင်းလည်းရှင်းတယ်၊ ပြီးတော့ မြန်မာပြည်လိုကွန်နက်ရှင်နှေးတဲ့ပုံမျိုးနဲ့ ဆိုလည်းအတတ်မြန်တယ်လေ။ အခုဆိုရင် Google က နည်းပညာအသစ်တွေနဲ့ Auto-complete features တွေပါထပ်ထည့်ပေးထားတော့ ရှာရဖွေရ ပိုလွယ်သွားတာပေါ့။ အဲ့............. ဒီလိုဖြစ်ရင်တော့မကောင်းဘူးပေါ့ဗျာ။ Google က အဲ့ဒီ့ Auto-suggest function ကို Search လုပ်တာအများဆုံး Key words တွေကိုအစဉ်အတိုင်းစီပေးထားတယ်ထင်ပါတယ်။

Photobucket

post signature

0 ဦးကော့မန့်ပွတ်သွားသည်:

May 5, 2009

မြန်မာပြည်မှာ နာဂစ်ဆိုတဲ့ မုန်တိုင်းဝင်းသွားတာ တစ်နှစ်ပြည့်ပြီးပါပြီ။ ဒဏ်ခံလိုက်ရတာ စုတ်ပြတ်သတ်နေတာပါပဲ။ ဒီိလိုပဲ.... ကျနော့်ကိုလည်း မုန်တိုင်းတွေဝင်တိုက်သွားခဲ့ပါတယ်။ ကျနော်လည်း ခံလိုက်ရတာမှ စုတ်ပြတ်သတ်နေတာပါပဲ။ သေချာတွက်ချက်ထားခဲ့တာတွေကလွဲ၊ ငွေရေးကြေးေ၇းကအစ လူမှုရေးအဆုံးပြသနာတွေများလှပါတယ်... အလူးအလဲပါပဲ။ သိတဲ့လူရှိသလို မသိတဲ့လူတွေလည်းရှိပါတယ်။ အခုထိလည်း အဆင်မပြေနိုင်သေးပါဘူး။

ရှိသမျှသူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်သွားတာလည်း ၈ လ နီးပါးပါ။ ကိုယ့်စိတ်ကို ပြန်ခိုင်အောင်လုပ်နေရတာ မလွယ်ပါဘူး။ ဒီဝန်းကျင်.... ဒီလူတွေကို ပြန်ပြီးရင်ဆိုင်နိုင်အောင် မနည်းအားတင်းရပါတယ်။ တချို့က ဘ၀ကို တစ်က စမယ်ဆိုရင်တောင် အခုကျနော်က အနှုတ်ကနေစရမလို........

post signature

3 ဦးကော့မန့်ပွတ်သွားသည်:

Happy BarNyar Day

Nov 8, 2008

ဘာညာကောင်ရေ...

မနက်ဖြန် နိုဝင်ဘာ ၈ရက်နေ့ ရောက်လာပြန်ပြီနော်..
အချိန်တွေသိပ်အကုန်မြန်တယ်လို့ ထင်မိတယ်..
လွန်ခဲ့တဲ့ တစ်နှစ် ဒီလိုအချိန်မှာလည်း ဒီလိုပို့စ်မျိုး ငါနင်အတွက်ထိုင်ရေးနေတယ်..ဘာညာ..
ခုလည်း နင့်အတွက် မွေးနေ့ပို့စ် ငါရေးနေပြန်တယ်..ဘာညာ..
ဒီတစ်နှစ်အတွင်းမှာ ဖြစ်ပျက်ပြောင်းလဲနေတာတွေက အများကြီးပါ..
သေချာတာတစ်ခုကတော့ နင်နဲ့ငါနဲ့ကြားမှာရှိတဲ့ သံယောဇဉ်က ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး.. ငါ့ရဲ့အတက်အကျတွေတိုင်းမှာ ငါ့အနားမှာရှိပေးတဲ့ နင်တစ်ယောက် ပျော်ရွှင်နိုင်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်.. ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..
I am celebrating your b'day alone, miss you so much! =(

~~ Happy Birthday ~~ Mwachhhhhhhhhhhhhhhhhhhhhh..

နင်ရဲ့
ဒီမိုကောင်..

Birthday Wishes For My BarNyar

On your birthday,
I wish for you the fulfillment
of all your fondest dreams.
I hope that for every candle
on your cake
you get a wonderful surprise.
I wish for you that
whatever you want most in life,
it comes to you,
just the way you imagined it,
or better.


I hope you get as much pleasure
from our friendship as I do.
I wish we were sisters,
so I could have known you
from the beginning.
I look forward to
enjoying our friendship
for many more of your birthdays.
I'm so glad you were born,
because you brighten my life
and fill it with joy.
Happy Birthday!

+++++++++++++++++++++++++++++++++++++++++++++++++++

There are the cakes I bought for you & now I'm eating those. =P




မွေးနေ့လက်ဆောင်တော့ နောက်မှယူတော့.. ဟိဟိဟိ.. =P


post signature

6 ဦးကော့မန့်ပွတ်သွားသည်:

Blog Day အမှတ်တရ ကျေးဇူးတင်လွှာ

Aug 31, 2008

အမှန်က ဒီနေ့ဆိုကျနော်တို့ရဲ့ ဒုတိယအကြိမ်မြောက် ဘလောက်ဂါ ဆီမီနာကြီးကို MICT Park ရဲ့ Main Conference Hall ကြီးမှာ ကျင်းပနေရမယ့်အချိန်ပါ.. အခုတော့ လုပ်ခဲ့သမျှ သဲထဲရေသွန်ဖြစ်ပြီး အားလုံးရဲ့ စိတ်ထဲမှာ နာကျင်နေရပါပြီ။ အားကြိုးမာန်တတ် ကြိုးစားခဲ့သမျှတွေ အရာမထင်တဲ့ တစ်နေ့ဆိုရင်လည်း မမှားပါဘူး။

Blogging နည်းပညာကို ပြန့်ပွားစေချင်တဲ့ ဆန္ဒရယ်၊ MBS ဆိုတဲ့အဖွဲ့တစ်ခုရဲ့ ခြေလှမ်းသစ်ရယ် ၊ နောက်ပြီးတော့ လူအများစုရဲ့ Blogger ဆိုတဲ့ စကားရပ်တစ်ခုအပေါ် သိမ်းကျုံးမြင်နေတဲ့ အမြင်ကို ဖယ်ခွာချင်ခဲ့တဲ့ အတွက်ကြောင့်ရယ် ဒီ Seminar ကြီးကို အချိန်ကတိုက်ကရိုက်ဖြစ်နေတဲ့ ကြားထဲကမှ စီစဉ်ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံရပ်ခြားမှ သူငယ်ချင်းအများစုက ငွေအားဖြင့်ကူညီပြီး မြန်မာပြည်မှ လူများမှလည်း လုပ်အားဖြင့် တစ်တပ်တစ်အား Seminar အတွက်ပဲ တစ်ချိန်လုံး လုံးပန်းနေခဲ့ပါတယ်။

အခြေအနေအရပ်ရပ်ကို နည်းနည်းဂရုစိုက်တတ်တဲ့ သူငယ်ချင်းတစ်ချို့ကြောင့် MCPA (Myanmar Computer Professional Association) ရဲ့ Umbrella အောက်မှာဆိုဘာပဲဖြစ်ဖြစ် အနည်းငယ် Safe side ဖြစ်နိုင်လောက်ရဲ့ဆိုပြီး ကျနော်တို့တွေဆက်သွယ်ခဲ့ကြပါတယ်။ ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးကြောင့်လေး ဆိုတဲ့ စကားက ကျနော်တို့တွေအတွက် ဒတ်ထိမှန်နေပါရောလား။ အဲ့ဒီ့အဖွဲ့အစည်းနဲ့ စကားပြောပြီးဆိုပြီးဖြစ်တဲ့အချိန်၊ သတင်းစာတွေ ဂျာနယ်တွေထဲမှာ Seminar အကြောင်း ပလူပျံဖြစ်ပြီးနေတဲ့အချိန်၊ ပွဲရက်ဖြစ်ခါနီး ၅ ရက်လောက်အလိုကျမှ သူငယ်ချင်း ဂျာနယ်လစ်တွေထဲက စကားတွေကိုကျနော်တို့ကြားခဲ့ရပါတယ်။

" Blog Seminar " မလုပ်ဖြစ်ကြတော့ဘူးဆို---- ငါတို့ဆီကို အီးမေးရောက်တယ်--- တဲ့။

အကြောင်းကြားအပ်ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ သြဂုတ်လ (၃၁) ရက်နေ့တွင် ပြုလုပ်မည့်
"Social Network နည်းပညာနှီးနှောဖလှယ်ပွဲ" ကို အသင်းအနေနှင့် မလုပ်ဖြစ်တော့ပါကြောင်း၊ အသင်းနှင့် မည်သို့မျှ မဆိုင်တော့ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ကျနော်တို့ကြိုးစားခဲ့သမျှ ဒီစာကြောင်း လေးကြောင်းနဲ့ အားလုံးမြောင်းထဲရောက်သွားပါပြီ။ ခန်းမ..... ဖိတ်စာ ... ပွဲအစီအစဉ်.. ဘယ်လိုမှ အသစ်ပြန်စီစဉ်နိုင်မယ့် အခြေအနေမရခဲ့ပါဘူး။ Organizer အဖြစ် ကိုယ်ရေးအချက်အလက်တွေပေးထားခဲ့တဲ့ ကျနော်တို့ကိုလည်း အချိန်မှီအကြောင်းမကြားခဲ့ပါဘူး။ ဘာဖြစ်လို့ အားလုံးစီစဉ်ပြီးမှ ပြန်ငြင်းရလည်းလို့မေးတဲ့အခါမှာလည်း မရေရာတဲ့ - နည်းပညာဟောပြောပွဲမဟုတ်လို့ အသင်းနဲ့ မသတ်ဆိုင်လို့ပါ-- ဆိုတဲ့ အဖြေကိုပဲရခဲ့ပါတယ်။ ဒါဆိုလည်း ဘာလို့ အစကတည်းက မငြင်းခဲ့တာလည်း။

နောက်ဆုံးတော့လည်း အပ်ကြောင်းထပ်နေတဲ့  ခေါင်းရှောင်ဝါဒ တစ်ခုကို ရှင်းရှင်းလင်းလင်း ကျနော်တို့သိမြင်ခွင့်ရခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် MCPA။ အသင် အဓွန့်ရှည်စွာ ရပ်တည်နိုင်ပါစေသော်ဝ်။


ဘာညာ (MBS)
Blog day ဖြစ်မြောက်အောင် ကူညီပံ့ပိုးကြသော ပြည်တွင်း ပြည်ပ သူငယ်ချင်းများအားလုံးသို့ အမှတ်တရ.....

8 ဦးကော့မန့်ပွတ်သွားသည်:

Happy Demo Day!!!!!!!!

Jul 14, 2008

ဒီနေ့မနက် ကျနော်စာသင်ခန်းထဲရောက်နေတုန်း သူငယ်ချင်း ဒီမို အွန်လိုင်းပေါ်တတ်လာပြီးပြောသွားတယ်

ငါ့မွေးနေ့ကို wish တောင်မလုပ်ဘူး သူများမွေးနေ့တွေတော့ wish လုပ်ပေးတယ်။တဲ့.. ကျနော်ပြုံးစိစိ ဖြစ်သွားတယ်။ ဒီမို ကျနော်ဆင်ထားတဲ့အကွက်ထဲကိုဝင်သွားပြီကိုး။ =P သူငယ်ချင်းအရင်းအချာကြီးတစ်ယောက်လုံးရဲ့မွေးနေ့ကိုမေ့ရအောင် wish မလုပ်ပေးရလောက်အောင်ဘာညာ အကျင့်မပုတ်သေးပါဘူးနော့်။ 12 July-Momo’s BD ဆိုပြီးတောင် ကျနော့် Desktop မှာဟိုးလတွေကတည်းက တင်ထားသေးတာပဲ ဘယ်မေ့မလည်း။

ကဲ.. စိတ်ကောက်နေတဲ့ ဒီမိုရေ..နင့်မွေးနေ့ 12 July ကငါတို့တွေဘာလုပ်နေလည်းသိချင်လား….အဲ့ညကလေ..ငါတို့နင့်အတွက် မွေးနေ့ကိတ်သွားဝယ်တယ်..ဒါပေမယ့်လမ်းတ၀က်မှာ ရိုးနေပြီဖြစ်တဲ့ မွေးနေ့ကိတ်အစား ဘာဝယ်လာတယ်ထင်လည်းဒန်ဒန်ဒန်… ”””Pizza””” ( You’d never thought about that rite? ).. ဟုတ်တယ်.. ပီဇာဝယ်လာတယ်.. Cheesy Pizza.. နင့်အကြိုက်လေ။ =))) အင်းပီဇာပေါ်မှာ ဖယောင်းတိုင်တင်လို့ရှိရင်စားမရဖြစ်သွားမှာဆိုးလို့ မီးတော့မထွန်းတော့ဘူးဟ။ Photo တော့ နည်းနည်း Shop လိုက်တယ်။ (Of coz, the credit goes to our lil bros Mg Kha and Nanda) ရော့ဒီမှာ နင့်ရဲ့ မွေးနေ့ပီဇာ


Photobucket

တိုက်တိုက်ဆိုင်ဆိုင် ငါတို့ရောင်းသူလည်း နင်နဲ့မွေးနေ့တူနေတော့ အားနာလို့သူ့နာမယ်လေးပါထည့်ပေးလိုက်တယ်.. Belive me! I meant it just for you! =P

ဒီမို့မွေးနေ့ပွဲကိုဘယ်သူတွေတတ်ရောက်ချီးမြှင့်လည်းသိချင်သေးလား


Photobucket

နန္ဒမွေးနေ့နံပြားတီးသွားတယ်


Photobucket
မွေးနေ့ ပီဇာရဲ့ co-sponsor ဂျီး...

Photobucket

Birthday Kiss တောင်းနေတဲ့ ရောင်းသူ.. =P







Photobucket

ဂျာနယ်လစ် စတိုင်နဲ့ ကဝေ...

Photobucket

နင့်ရဲ့ ကွိကွိ… Eating, while wishing you a very very Veryy Happy Birthday!!! Mwahhhh!


post signature


9 ဦးကော့မန့်ပွတ်သွားသည်:

ဓာတ်ပုံအသိုးများ... (၁)

Jul 1, 2008

ရိုက်ထားတာကြာပြီဖြစ်တဲ့ ဓာတ်ပုံလေးတွေကို ပြန်တင်ပေးလိုက်ပါတယ်။ ဘလောက်ကိုကျော်ခွပြီးဝင်ရလို့ လူကလည်း တခါတခါရေးဖို့အပျင်းတစ်နေတာ တင်ရမယ့်ပုံလတ်လတ်ဆတ်ဆတ်လေးတွေလည်း သိုးကုန်ပီ.. အခု ဓာတ်ပုံအသိုးများ (၁) ဆိုပြီး တင်ပေးလိုက်ပါတယ်။ =)

Photobucket

ဒီပုံက ပင့်ကူရယ် ကိုသန့်ရယ် မွေးနေ့တုန်းက ရိုက်ထားတာ... ကိုမျက်စိ ကိုတတ် တိုလီလေးနဲ့ ကိုဂေါက် မူးခါစ သရဲပုံစံတွေလုပ်ထားတာ။ သွားကြားထိုးတံ Draculazzzz............


Photobucket

ထမင်းကျွေးမယ်လာခဲ့ ဆိုလို့ မင်္ဂလာဒုံမှာနေတဲ့ ကိုဥပေက္ခာ ဆိုတဲ့ ဘလောက်ဂါဆီသွားတုန်းကပေါ့..။ ဆိုင်ခရွန်၊ သဇင်ဏီ၊ ပင့်ကူနဲ့ စိန်မမ..


Photobucket

န၀ဒေးလမ်း ရှမ်းခေါက်ဆွဲဆိုင်က အမဲသားလုံး တပွဲ ၁၅၀၀..


Photobucket

တောင်ဒဂုံက လေဘေးဒုက္ခသည်တွေကို အ၀တ်အစားတွေလှူဖို့ရွေးထုတ်နေစဉ် မောင်လေး နန္ဒ အကြိုက်တွေ့နေပုံလေးလေ.. =P


Photobucket

ဒါကတော့ ဘိုကလေး ကျော်ဇံထေရ၀ါဒ ကျောင်းတိုက်က ကိုရင်လေးတွေနဲ့ ရောင်းသူ နဲ့အမှတ်တရပေါ့။

post signature

0 ဦးကော့မန့်ပွတ်သွားသည်:

 
--